မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများ၊ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း တတ်စေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့ နံနက် (၉)နာရီအချိန်က ကညှော်ကျေးရွာခန်းမတွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ် စီမံခြင်း အခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)တို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၃ ရက်နေ့ နေ့လည်ပိုင်းက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို သြဂုတ် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ​အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့၌ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်း ဧရိယာများအတွင်းပါဝင်သော မြေဧရိယာများအတွက် မြေယာလျော်ကြေးငွေများပေးအပ်

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဥ်ကွင်းအသစ်တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဧရိယာအတွင်း ပါဝင်သော မြေဧရိယာများအတွက် လျော်ကြေးငွေများကို ယမန်နေ့က မုဒုံမြို့နယ်ရှိ ရွှေဟင်္သာခန်းမ၌ မြေပိုင်ရှင်ျား၏ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ်၊‌ မော်လမြိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှုးကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံယိုမျိုးစုံ) ထုတ်လုပ်မှု နည်းပညာသင်တန်း(ပထမအကြိမ်) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီက ကျိုက်မရောမြို့ ရသေ့ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မိုးစပါး  ၃၂၂၂၉ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ စားသုံးသူ ပြည်သူများ ဒေသဝမ်းစာစပါးဖူလုံစေရေးနှင့် ပိုလျံစေရေးအတွက် စံပြကွက် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး တောင်သူများ အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများနှင့် ပူးပေါင်းကာ နည်းစနစ်မှန်ကန်စွာဖြင့် မိုးစပါးစိုက်ဧက ၃၂၂၂၉ ကို စိုက်ပျိုးထားပြီးဖြစ်​သည်။

သံဖြူဇရပ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ် မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား  ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း​ သိရသည်။
Subscribe to မွန်ပြည်နယ်