မော်လမြိုင်မြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် ဩဂုတ်

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်() လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)တို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက အမှတ်()အခြေခံပညာအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  အမှတ်()အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှာစကားပြောကြားကာ အမှတ်() လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်)မှ ရဲအုပ် အောင်ကျော်ထူး နှင့် ဒုရဲအုပ် ထူးထူးအောင်တို့က  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပါပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက် နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းတို့ကိုလည်ကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်က  ကျောင်းသား၊ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက် ကျောင်းသား၊ကျောင်းသူ များကသိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအကြောင်းအရာဥပဒေပြဋ္ဌာန်းချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး  ကျောင်းသားကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)