မွန်ပြည်နယ်

သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပြုလုပ်

ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ်၊ ကရင်တိုင်းရင်းသားတို့၏ ဝါခေါင်လရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့(ဝါခေါင်လပြည့်ကျော် ၃ ရက်) နံနက်ပိုင်းက သထုံမြို့နယ် ဒုံဝန်းကျေးရွာ အသောကရာမကျောင်းတိုက်၌ ပြုလုပ်သည်။

(၃၉) ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် (၃၉) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ဝါတော် (၄၀) နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကျိုက်မရော၌ မွေးကင်းစမှအသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးတိုက်ပေး

ကျိုက်မရောမြို့နယ်၌ မွေးကင်းစမှအသက် ၂ နှစ်အောက်ကလေးများအား လစဥ်ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ အောင်သုခရပ်ကွက်၊ ကျန်းမာရေးဆေးခန်း၌ ထိုးနှံပေးလျက်ရှိသည်။

ချောင်းဆုံတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရန်အတွက် ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ခု ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ် (ကျေး/လက်) ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ စင်းလုံးငှား (သုံးဘီးယာဉ်) ဂိတ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သုံးဘီးယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး၊ ခရီးသွား လုပ်သားပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးကို ရည်ရွယ်၍ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ် လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ အောင်ဘယမုနိစေတီတော်၌ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း ဘုရားဖူးလာရောက်ကြမည့် ရဟန်းသံဃာတော်များ၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးများမှာ စုပေါင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ အောင်ဘယမုနိ စေတီတော်၌ ပစ္စယာ၊ ရင်ပြင် တော်၊ တံတိုင်းများရှိ ရေညှိများ၊ အမှိုက်များကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး သည်။

မော်လမြိုင်မြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအား ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်းစေသည့် အစီအစဉ်အား အသိပေးရှင်းလင်းပွဲကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂ဝ၂၃ နှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်အခွန် ဦးစီးဌာနမှူးရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့နယ်၌ ကလေးသူငယ်အခွင့်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များသိရှိ လာစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ မှုခင်းများကျဆင်း စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်