မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ စင်းလုံးငှား (သုံးဘီးယာဉ်) ဂိတ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သုံးဘီးယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး၊ ခရီးသွား လုပ်သားပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးကို ရည်ရွယ်၍ မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ် လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီး ယာဉ်ဂိတ်ဖွင့်ပွဲအခမ်းအနားကို ယ​နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အ​ဝေး​ပြေးယာဉ် ရပ်နားစခန်း (လှိုင်) ​ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေ ရေးနှင့် သုံးဘီးယာဉ်များအား အငှားယာဉ်အဖြစ် ပြေးဆွဲရာတွင်  သုံးဘီးယာဉ်များအား အငှားယာဉ် ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပေး​ ဆောင်ရွက်ကြပြီး သတ်မှတ်ချက်များနှင့် အညီ ပြေးဆွဲလုပ်ကိုင်၍ ဆောင်ရွက်ရန်  လိုအပ်​ပါ​ကြောင်း၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး၊ အလွယ်တကူငှားရမ်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးခြင်းနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီတို့မှ ကြီးကြပ်​ဆောင်ရွက်​ပေးကြရန်နှင့် သုံးဘီး ယာဉ်ပိုင်ရှင် များမှလည်း ကိုယ်စီကိုယ်ငှ စည်းကမ်းလိုက်နာ​ပေးကြရန် တိုက်တွန်းလို​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ မော်လမြိုင်မြို့နယ် စင်းလုံးငှားယာဉ်ငယ် လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ သုံးဘီးစင်းလုံးငှား ယာဉ်ဂိတ်ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက သုံးဘီးဂိတ်နှင့် သုံးဘီးတွင် လိုက်ပါစီးနင်းသည့် ခရီးသည်များအား လိုက်လံ ကြည့်ရှုအား​ပေး၍  အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က အများပြည်သူ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ကြစေရေး ဆောင်ရွက်ကြရန်လို​ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​စေ​ရေး စနစ်တကျ​ဆောင်ရွက်ကြရန်နှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း လိုက်နာကြ​စေ​ရေး  ​ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ သည်။

ဆက်လက်၍ ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံး၌ ပို့​ဆောင်​ရေး၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးက မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ စင်းလုံးငှားဂိတ် ဖွင့်လှစ်​ဆောင်ရွက်ထားသည့် လုပ်ငန်းအ​ခြေအ​နေများ၊ ဆက်လက်​ဆောင်ရွက်မည့် လုပ်ငန်း အ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့မှုအ​ပေါ် တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဝိုင်းဝန်းဆွေးနွေးအကြံပြု၍ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ် အ​နေဖြင့် အ​ဝေး​ပြေးယာဉ်ရပ်နား စခန်း (လှိုင်) အပါအဝင်၊ ရွှေလမင်းဆေးရုံ၊ ဈေးကြီး (အပေါ်စျေး)၊ ဈေးကြီး (အောက်​စျေး)၊ ဈေးကြိုအဝေးပြေးကားဝင်း (အဝင်ဝ)၊ မော်လမြိုင်တက္ကသိုလ်၊ အထွေထွေဆေးရုံကြီး၊ စသည့်နေရာများတွင် ဂိတ်ဖွင့်လှစ်ဆောင်ရွက် သွားမည် ဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း ဂိတ်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)