မော်လမြိုင် စက်တင်ဘာ ၂
၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အသားတင် စိုက်ပျိုး နိုင်သော မြေဧရိယာ (၁,၄၅၃,၉၃၆) ဧကရှိပြီး လှပ်မြေ (၅၀,၉၈၉)ဧက၊ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော(၅၃၆,၀၀၇)ဧက၊ တောရိုင်း(၂၀၁,၁၄၃)ဧက၊ မြေရိုင်း(၃၂,၀၆၄)ဧက၊ စိုက်ပျိုးခြင်း မပြုနိုင်သောမြေ (၇၆၄,၄၂၅)ဧက၊ စုစုပေါင်း (၃,၀၃၈,၅၆၄) ဧကရှိကြောင်း၊ မွန်ပြည်နယ် ၏ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သီးထပ်စွမ်းအားသည် (၁၂၃.၉၃) ရာခိုင်နှုန်းရှိခဲ့ပြီး၊ ယခုနှစ်တွင် သီးထပ်စွမ်းအား (၁၂၄.၅၁) ရာခိုင်နှုန်းရရှိရန်အတွက် ရည်မှန်းလျက်ရှိရာ မိုးစပါး စိုက်ပျိုးအပြီး ဆီထွက် သီးနှံများ၊ ပဲမျိုးစုံ၊ ရာသီ သီးနှံများဖြင့် ရည်မှန်းချက်ထက် ကျော်လွန်အောင် တိုက်တွန်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ နှစ်စဉ်တိုးတက် လျက်ရှိသော လူဦးရေ၏ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် လျာထားစိုက်ဧက ပြည့်မီရန်နှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ သီးနှံများ၏ စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးတို့ အတွက် စိုက်ပျိုး ထုတ်လုပ်ရန် ပြည်နယ်အစိုးရအနေဖြင့် တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းပြော ကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ကျိုက်မရော မြို့နယ်နှင့် ပေါင်မြို့နယ်အား မျိုးစပါးများထောက်ပံ့ ပေးအပ်ခဲ့ရာ တာဝန်ရှိသူ တောင်သူများက လက်ခံရယူပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသော တောင်သူများအနက် ကိုယ်စားလှယ် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ခန်းမ အတွင်း ခင်းကျင်းပြသထားသော သဘာဝဓာတ်မြေသြဇာနှင့် မျိုးစပါးများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)