မော်လမြိုင် စက်တင်ဘာ ၂
မွန်ပြည်နယ်အတွင်း ဘုရားဖူးလာရောက်ကြမည့် ရဟန်းသံဃာတော်များ၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ ကြည်ညိုသပ္ပါယ်စွာ ဖူးမြော်နိုင်ရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးများမှာ စုပေါင်းသန့်ရှင်းရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းရှိ အောင်ဘယမုနိ စေတီတော်၌ ပစ္စယာ၊ ရင်ပြင် တော်၊ တံတိုင်းများရှိ ရေညှိများ၊ အမှိုက်များကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေး သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက စေတီတော်အား ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘုရား၊ စေတီ၊ ပုထိုးများ၏ ပရိဝုဏ် အတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ပေး ကြရန်နှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေး ကုသိုလ်ယူဆောင်ရွက်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများ တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)