ကျိုက်မရော စက်တင်ဘာ ၃
ကျိုက်မရောမြို့နယ်၌ မွေးကင်းစမှအသက် ၂ နှစ်အောက်ကလေးများအား လစဥ်ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ အောင်သုခရပ်ကွက်၊ ကျန်းမာရေးဆေးခန်း၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့ပေါ်ရပ်ကွက် ၄ ခုရှိ ကျန်းမာရေးဆေးပေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများက လှည့်လည် ထိုးနှံပေးလျက်ရှိပြီး မွေးကင်းစမှ အသက် ၂ နှစ်အောက်ကလေးများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) ငါးမျိုးစပ်ကာကွယ်ဆေးထိုးပေးခြင်း၊ ဝမ်းပျက်ဝမ်းလျောဖြစ်စေတတ်သော Rota ကာကွယ်ဆေးထိုးနှံပေးခြင်းကို စနစ်တကျထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို လစဥ်လဆန်းရက်များ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း အောင်သုခရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)