ချောင်းဆုံ စက်တင်ဘာ ၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရန်အတွက် ရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃−၂၀၂၄ ခု ဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က မြို့နယ် (ကျေး/လက်) ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ)ဥက္ကဋ္ဌ ဦးစံရင်မော်က သင်တန်းသုံးအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး စာတွေ့လက်တွေ့ဖြင့် သင်တန်းကာလ (၁) လကြာ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)