မွန်ပြည်နယ်

မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာ ဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိရစ္ဆာန်မွေးမြူနည်းအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk. Show) ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူနည်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲ (Talk. Show) ကိုယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးယိုမျိုးစုံ သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးယိုမျိုးစုံ သင်တန်းဖွင့်ပွဲကို မုတ္တမကျေးရွာအုပ်စု မဂဒူးခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ပညာရေး၏ အခြေခံဖြစ်သည့် လူငယ်၊ လူရွယ်များ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်အတွက်

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ မော်လ​မြိုင်ခရိုင်၊ သံဖြူဇရပ်​မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာခင်စောတင့် ရေးသားသော"စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေး အမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) အလွန်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ကွင်း၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု အမှတ် (၉)တို့ပူးပေါင်းကာ ယနေ့ နေ့လယ်(၁) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ ဆန်တစ်ပြည် (၂၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ မီးသတ်ရုံး၌ ဆန်စက်နှင့်ဆန်လုပ်ငန်းရှင်အသင်းမှ ဆန်တစ်ပြည် (၂၅၀၀ိ/-) ကျပ်နှုန်းဖြင့် ယမန်‌နေ့က ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်