မွန်ပြည်နယ်

မော်လမြိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard များစိုက်ထူ

မွန်ပြည်နယ် မော်လမြိုင်မြို့၌ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (မော်လမြိုင်)မှ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်‌ရေးနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့ ဆောင်ပုဒ်နှင့် Hot line ဖုန်းနံပါတ်များ ပါဝင်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Billboard စိုက်ထူးခြင်းအား ဆောင်ရွက်ခဲ့သည်။

ကျိုက်မ​ရော၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို  ယနေ့နံနက် ၁၀ နာရီက အ.မ.က(မူလွန်)အောင်သုခကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာ‌ပေးဟောပြောပွဲကို (အမက) ကဒါထက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၇နာရီက မြို့မဈေးဝင်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ မီးဖိုချောင်သုံးတိုင်းရင်းဆေး ဂျင်း၏ အသုံးဝင်ပုံများအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲပိုင်းက မီးဖိုချောင်သုံးတိုင်းရင်းဆေးတစ်မျိုးဖြစ်သည့် ဂျင်း၏ အသုံးဝင်ပုံများအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ကျိုက်မရောမြို့ အ.လ.က အထရံကျောင်း၌ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲကို သြဂုတ် ၂၉ ရက်နေ့ နံနက် ၁၁နာရီက အ.လ.က အထရံကျောင်းခန်းမ၌ ပြူလုပ် သည်။
Subscribe to မွန်ပြည်နယ်