မွန်ပြည်နယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့မှ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီအဖွဲ့ဝင် ဦးမန်းငြိမ်းမောင်နှင့် ဦးခွန်စံလွင်တို့မှ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တိုင်းရင်းသားများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်နေ့ ညနေ (၄)နာရီအချိန်က ကရင်ဝင်းစိန်ကျေးရွာ ကရင်စာပေယဉ်ကျေးမှုခန်းမတွင် မွန်၊ ကရင် တိုင်းရင်းသားနှင့် တွေ့ဆုံသည်။

မုဒုံမြို့၌ အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်တွင်ထိခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက KANBAWZAX Microfinance Co:Ltd အစည်း အဝေးခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ရတနာမွန်)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန့်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သထုံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ ကျင်းပ

၂၀၂၃ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းအဆင့် စာစီစာကုံးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ် တကူပတီကျေးရွာတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

လူမှုစီးပွား တိုးတက်ဖို့ မျိုးကောင်းမျိုးသန့်သုံးကြစို့ ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများမှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ အရည်အသွေးပြည့်မီသောသီးနှံများ ထုတ်လုပ်ရာတွင် အဆင်ပြေစေရေးအတွက် ယနေ့ နံနက်က ချောင်းဆုံမြို့နယ် တကူပတီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးခြင်း၊ သီးနှံဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး ပညာပေးဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝမြေသြဇာများ ဖြန့်ဖြူးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ (၄) ရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုထောင်၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။

သံဖြူဇရပ်မြို့နယ်တွင် ဂဟေဆက်/ဝရိန်ဆော်ခြင်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဒီဇယ်လျှပ်စစ်သင်တန်း "ဂဟေဆက်/ဝရိန်ဆော်ခြင်း" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝယ်ကဝါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့ အ.ထ.က(ခွဲ)ကျွန်းရွာ၌ လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့၊ ကျွန်းရွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်