မွန်ပြည်နယ်

ဘီးလင်းမြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့လူထုအ‌ခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက  လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီဘုံကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘီးလင်းမြို့နယ် ကြမ်ဖန်ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော်ဘန္ဒန္တမဟိဿရမှ ဩဝါဒဂါထာ မြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက်ပါရှိလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ ယဉ်ကျေးမှုကို မြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် အင်မတန်မှမွန်မြတ်လှသလို ဝါခေါင်လချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင် ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့်ချည်ဖြူစသည့် အဓိကပစ္စည်း (၉) မျိုး ပါဝင်တာကို သိရှိရပါကြောင်း၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်သွေးစည်းမှုခိုင်မြဲစေပြီး မျိုးဆက်သစ်လူငယ်များမှ မိမိတို့၏ မိဘဆွေမျိုးများ၏ သွန်သင်ဆုံးမစကားများကို နာခံနိုင်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး လုပ်ဆောင်ပေးကြရန်နှင့် ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်နေပြည်သူနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ရပ်ကွက်ပြည်သူနှင့် ကျောင်းသားကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဌေးခိုင်နှင့်ဝန်ထမ်းများမှ ယမန်နေ့ကပန်းခင်း (၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခြင်းကို ကျိုက္ခမီမြို့အောင်ပင်လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပ

 မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆဋ္ဌမအကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့မ(၄) ရပ်ကွက်ရှိ ဂျုံးဂျုံးဂျတောရကျောင်းစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ၊ မုဒုံမြို့တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်ကရင် တိုင်းရင်းသား/ သူများတက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးဆေးရုံ ပုရဝုဏ်အတွင်း၊အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား စက်ပစ္စည်းကိရိယာများဖြင့်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ခြင်းကိုဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေလုပ်သား ပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်ပိုစတာပြပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသိ ပညာပေး ဟောပြောပွဲ၊ နံရံကပ်ပိုစတာပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်