မော်လမြိုင် စက်တင်ဘာ ၈
၂၀၂၃ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်းအဆင့် စာစီစာကုံးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို မွန်ပြည်နယ် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ သူ လူငယ်လူရွယ်များ လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဥ်များတွင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပသည်။ ပြိုင်ပွဲတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံကို ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)