မွန်ပြည်နယ်

ကျောက်ဖြူပညာ‌ရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်(တတိယနေ့) ဈေးရောင်းပွဲတော် ကျင်းပ ပြုလုပ်ရာ လာရောက်အားပေးကြသူများဖြင့် အထူးစည်ကား

ပညာ‌ရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဈေးရောင်းပွဲတော်အား ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကောလိပ် ကျောင်းခြံဝန်းတွင် ကျင်းပပြုလုပ်ရာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် လာရောက်ဝယ်ယူအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

ကျိုက်ထိုမြို့ ကျိုက်ပိ(၁)အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာရှိ ကျိုက်ပိ(၁)အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိုက်မရောမြို့ အ.ထ.က (ခွဲ) ကျွန်းရွာ၌ လူငယ်စကားဝိုင်း ကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်မရောမြို့ ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကျင်းပ

အလုပ်သမား၀န်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးစမ်းသပ်ကွက် စံပြကွက်မျိုးစေ့ထုတ်မျိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ဓါတ်မြေဩဇာများဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်သည့် တောင်သူများအဆင်ပြေစေရန်အတွက် ယနေ့ နံနက်က ဒေါင်းရပ်အရှေ့၊ ဖံဖ၊ သက္ကောကျေးရွာ (၃) ရွာမှ တောင်သူ (၉၁) ဦးအား ယူရီးယား ဓါတ်မြေဩဇာ (၁၈၅) အိတ် နှင့် ရွှေဇီဝသဘာဝ မြေဩဇာ (၉၂) အိတ် စုစုပေါင်း (၂၇၇) အိတ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (ဒုတိယ) အကြိမ် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပေါင်မြို့နယ်(အ.ထ.က )ကော့ကရင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စက်တင်ဘာ ၁၃ ရက်နေ့၌ ကျရောက်မည့် (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့၌ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့် အညီ လက်ကိုင်ဖုန်း (Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းလုပ်ငန်းနှင့် ရုပ်သံလွှင့်မီဒီယာဝန်ဆောင်မှု လုပ်ငန်းများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၏အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်