မွန်ပြည်နယ်

နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်အတိုင်းထုတ်ပေးလျက်

ကျိုက်မရောမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ လစာငွေများကို လစဥ်ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထုတ်ပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက်နွေစပါး၊ ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများ တိုးတက်ရန်နှင့် ကွမ်းသီးများပြည်ပသို့ တင်ပို့နိုင်ရန် ဆောင်ရွက်

မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆားလုပ်ငန်းမှ ပို့ကုန်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးတို့အပြင် ကွမ်းသီးနှင့်သစ်သီးဝလံများ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နိုင်ရန်တို့အတွက် မွန်ပြည်နယ် ကုန်သည်စက်မှု အသင်းဥက္ကဋ္ဌနှင့် မွန်ကုန်စည်ဒိုင်၊ ကရင်ပြည်နယ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် တွေ့ဆုံခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးတွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ ယနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကာသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့သာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပရာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်မှူး၊ သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရေလယ်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ပွဲတော်ကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

သထုံမြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်မှု လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူထုတ်လုပ်သူများအား အယ်နီညို ဖြစ်စဥ်ကြောင့် ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်မှု‌လျှော့ချနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းက သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့သည်။

သထုံမြို့လုံးဆိုင်ရာ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော် ဆီနှင့် နဝကမ္မ လှူဖွယ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာ စာသင်ကျောင်းများစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန Covid-19 Quarantine & Isolation Ward အတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သောဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်း တွင် မွန်ပြည်နယ်ဥပဒေချုပ်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မော်လမြိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး Sunday Stop လှုပ်ရှားမှုများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မော်လမြိုင်မြို့တွင် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် အများပြည်သူ အားလပ်ရက်များတွင် လူစည်ကားသော နေရာများ အပန်းဖြေရာနေရာများ၌ အစဥ်အမြဲ သန့်ရှင်း သာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရေး ပလတ် စတစ်သုံးစွဲမှုလျှော့ချစေရန် ရည်ရွယ်၍ အားလပ်ရက် လှုပ်ရှားမှုများ စဥ်ဆက်မပြတ်ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက ဘဲကုန်းရပ်ကွက် အေးသာယာဈေးအတွင်း/အပြင် နှင့် ပတ်ဝန်းကျင်လမ်းတစ်လျှောက်  Sunday Stop လှုပ်ရှားမှုးများပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်