မော်လမြိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး Sunday Stop လှုပ်ရှားမှုများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

မော်လမြိုင်  အောက်တိုဘာ  ၂၁ 

မော်လမြိုင်မြို့တွင် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် အများပြည်သူ အားလပ်ရက်များတွင် လူစည်ကားသော နေရာများ အပန်းဖြေရာနေရာများ၌ အစဥ်အမြဲ သန့်ရှင်း သာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရေး ပလတ် စတစ်သုံးစွဲမှုလျှော့ချစေရန် ရည်ရွယ်၍ အားလပ်ရက် လှုပ်ရှားမှုများ စဥ်ဆက်မပြတ်ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက ဘဲကုန်းရပ်ကွက် အေးသာယာဈေးအတွင်း/အပြင် နှင့် ပတ်ဝန်းကျင်လမ်းတစ်လျှောက်  Sunday Stop လှုပ်ရှားမှုးများပြုလုပ်ခဲ့သည်။

အဆိုပါ Sunday Stop လှုပ်ရှားမှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊စည်ပင်သာယာ ရေးအဖွဲ့ အခြေခံပညာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်မိရပ်ဖများ စသည့် ဌာနဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၂၅) ဦး ဖြင့်ပါဝင် ဆောင်ရွက်ပြီးအများပြည်သူများအား ပလတ်စတစ် လျှော့ချသုံးစွဲရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်းများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း တို့ကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)