သံဖြူဇရပ် အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ ယနေ့တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ယနေ့သီတင်းကျွတ်လဆန်း ၈ ရက် ဥပုလ်နေ့တွင် ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဖြစ်၍ ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကျိုက္ခမီမှ ဘုရားဖူးအပြန်တွင် သံဖြူဇရပ်မြို့နယ်၏ အဓိက အပန်းဖြေစခန်းဖြစ်သည့် စက်စဲကမ်းခြေ သဲသောင်ပြင်တွင်လည်း အပန်းဖြေရေကစားကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)