မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးသစ်ဖွင့်ပွဲနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖေါင်စိန်ရပ်ကွက်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံး၌ ကျင်းပပြုလုပ်သည်။

သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် Physical Fitness Dance သင်တန်းကို ယနေ့ နံနက်ပိုင်းကစတင်၍ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။

ပေါင်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၈း၃၀)က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာဦးဝင်းအောင်ရေးသားသည့် “ကိုယ်သာလျှင်ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သောဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့ညနေပိုင်းတွင် မွန်ပြည်နယ် ဥပဒေချုပ်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ အကူသူနာပြု (ပြင်ပ) သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် အကူသူနာပြု (ပြင်ပ) ၉ လ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီးခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ဇီဝလုံခြုံရေးဆိုင်ရာ သင်တန်းဆင်းပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ဇီဝလုံခြုံရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို အောက်တိုဘာ (၂၁) ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇နာရီမှ မွန်းလွဲ (၂ )နာရီထိ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်