နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်အတိုင်းထုတ်ပေးလျက်

ကျိုက်မရော အောက်တိုဘာ ၂၃

ကျိုက်မရောမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ လစာငွေများကို လစဥ်ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစ၍ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌  ထုတ်ပေးလျက်ရှိသည်။

ကျိုက်မရောမြို့နယ်၊ ပင်စင်စားများ၏  ပင်စင်ငွေများကို လစဥ်တတိယအပတ်၌ ထုတ်ပေးလျက်ရှိရာ ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သည့် သက်ကြီးရွယ်အို  အငြိမ်းစားများအား  ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူခွင့်ပေးထားကြောင်းနှင့် သက်ကြီးပင်စင်စားများ၏ ကျန်းမာရေးကိုရှေးရူ့၍ အုပ်စုသုံးစုခွဲကာ ပင်စင်လစာများ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပင်စင်လစာငွေများကို ဘဏ်ဖွင့်ချိန်အတွင်း နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၃း၀၀ နာရီအထိ  စနစ်တကျ ထုတ်ယူနိုင်ကြောင်း   မြန်မာ့စီးပွားရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာမာလွင်က ပြောသည်။

ကျိုက်မရောမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်လစာထုတ်ယူနေသည့် ဝန်ထမ်း  စုစုပေါင်း (၇၀၀)ကျော်ရှိကြောင်း  သိရသည်။

မိချို (ပြန်/ဆက်)