သံဖြူဇရပ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးနှင့်ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းအခမ်းအနားပြုလုပ်

သံဖြူဇရပ် အောက်တိုဘာ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု အလိုက်နွေစပါး၊ ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှူးဦးတင်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျင်သိန်းတို့မှ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ သံဖြူဇရပ်မြို့နယ်အတွင်းစိုက်ပျိုးဆောင်ရွက်မည့် နွေစပါး စိုက်ပျိုးမည့်ကျေးရွာ ၄ ရွာမှစိုက်ဧက(၂၇၈)၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့်ကျေးရွာ ၂၅ အုပ်စုမှ စိုက်ဧက(၁၀၀၀)တို့အား ရပ်ကွက်/ကျေးရွာအလိုက် စီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)