ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကာသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

သံဖြူဇရပ် အောက်တိုဘာ ၂၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၁  ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့သာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပရာ မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်နယ်မှူး၊ သံဖြူဇရပ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရေလယ်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ပွဲတော်ကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင်၊ ကျိုက္ခမီရေလယ်ဘုရား ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌဦးအောင်သန်းနှင့် သံဖြူဇရပ်မြို့နယ် တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းနိုင်ဦးတို့က ကျိုက္ခမီမြို့ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပြုလုပ်မည့်အစီအမံများကို အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်တို့က ဘုရားပွဲတော်ကျင်းပရေးနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရာတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများစီမံထားရှိမှု၊ ဘုရားဖူးလာပြည်သူများအတွက် ကျန်းမာရေး ဆိုင်ရာကိစ္စများ ဆောင်ရွက်ထားရှိမှုများ၊ ရပ်ဝေးဘုရားဖူးများအတွက် တည်းခိုနေထိုင်ရေး၊ ပွဲတော်မီးဘေး လုံခြုံရေး အစီအစဥ်များ၊ ကျိုက္ခမီရေလယ် ဘုရားပွဲတော်ကိုး ယခင်နှစ်များအတိုင်း ဗုဒ္ဓပူဇနိယပွဲတော်အား၊ ပဌာန်းဒေသနာရွတ်ဖတ်ပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၌ ဓမ္မစင်္ကြာအခါတော်နေ့ကျင်းပခြင်း၊ ဆွမ်းအိုးမျှောပွဲကျင်းပခြင်းတို့ကို စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားပျော်ပွဲရွှင်ပွဲရွင်ပွဲများ၊ ဇတ်ပွဲများ၊ ခြင်းအလှပြပွဲများကိုပါ စီစဥ်ဆောင်ရွက်ထားပါကြောင်း ‌တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှလည်းလုပ်ငန်း အလိုက်ဆောင်ရွက်မည့် အစီအစဥ်များကို တင်ပြဆွေးနွေးရာတာဝန်ရှိသူများမှ လုပ်ငန်းအလိုက်တင်ပြချက်များအပေါ် ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နှစ်စဥ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်ဆက်)