သထုံခရိုင်လူထုအခြေပြုဗဟိုဌာန၌ Physical Fitness Dance သင်တန်း ဖွင့်လှစ်

သထုံ      အောက်တိုဘာ      ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးအတွက် Physical Fitness Dance သင်တန်းကို ယနေ့ နံနက်ပိုင်းကစတင်၍ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ်ပေးရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းအမှာစကားပြောကြားပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်လှိုင်က Physical Fitness Dance ကစားခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး မိမိကိုယ်ကိုယုံကြည်မှုများ ရရှိမည်ဖြစ်ကြောင်း ခန္ဓာကိုယ်ပျော့ပျောင်းခြင်း၊ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ကျစေခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းကိုဆက်လက်ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝါးတောအခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသူ(၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်