သံဖြူဇရပ် အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးသစ်ဖွင့်ပွဲနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖေါင်စိန်ရပ်ကွက်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တသီလာစာရနှင့် ဆရာတော်ကြီးများ၊ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်(YMBA) အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်(YMBA) အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥပဌာကအဖွဲ့ဝင်များနှင့် အလှူရှင်ပြည်သူများတက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကတော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇဘဒ္ဒန္တသီလာစာရ၊ မြို့တော်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူကာ၊ ကြွရောက်လာကြသည့် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး လှူဒါန်းမှူအစုစုအတွက် ရေစက်ချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဘုရားကတော့၍ အခမ်းအနားရုပ်သိမ်းသည်။
ထို့နောက်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရုံးသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အခမ်းအနားသို့ တက်ရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်နှင့် တာဝန်ရှိသူများက ရုံးဝင်းအတွင်း အင်ကြင်းပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)