ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကျိုက်မရောမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျိုက်မရောမြို့နယ်အတွင်းရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံဦးကိုကိုလွင်နှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။