ပေါင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပေါင် အောက်တိုဘာ ၂၃

မွန်ပြည်နယ် ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို အောက်တိုဘာ (၂၁) ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၇နာရီမှ   မွန်းလွဲ (၂ )နာရီထိ  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစားလစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေး စနစ်တကျဆောင်ရွက်ပေးထားကြောင်းကို ပေါင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)