ပေါင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center ခန်းမ၌ ဇီဝလုံခြုံရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်သူများအတွက် ဇီဝလုံခြုံရေးဖြစ်သည့် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ကြက်ခြံများတွင် ထုံးဖြူးခြင်းစသည့် အကြောင်းအရာများအပြင် တိရစ္ဆာန်များအတွက် ဇီဝနှင့်ပတ်သက်ပြီး သင်တန်းသားများအနေဖြင့် အသေးစိတ်သင်ကြားပြခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပြသခဲ့ရာ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)