မော်လမြိုင် အောက်တိုဘာ ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မူလတန်းနှင့်အလယ်တန်း(ပြ) ဆရာ/ဆရာမများအား အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးပြည်နယ်အဆင့် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သင်တန်းတာဝန်ခံ ဒေါ်မေမီမီခိုင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြချုပ် ဒေါ်မမနှင်းဦးက သင်တန်းစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့်မူလတန်း (ပြ) ဆရာ၊ ဆရာမ (၄၈)ဦး တက်ရောက်ခဲ့ပြီး ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)