မွန်ပြည်နယ်

မော်လမြိုင်မြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/ ၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စက်မှုလယ်ယာဦးစီးမှူး၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သထုံမြို့နယ်၌ ဆီးချို၊ သွေးချိုရောဂါဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံနှင့် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့တို့ကို ဂုဏ်ပြုသောအားဖြင့် ဆီးချို၊ သွေးချိုရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယနေ့၊ နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ထက်တန်းကျောင်းခွဲ အ.လ.က (၄) ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က(၄) ကျောင်း၌ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့ သုခဝတီ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ သုခဝတီ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ ကြက်ဟင်းခါးသီးများ အထွက်ကောင်းပြီးစျေးကောင်းရသဖြင့် စိုက်ပျိုးသူများအဆင်ပြေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် မိုးကြက်ဟင်းခါးသီးများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသူခြံပိုင်ရှင်များ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း ကြက်ဟင်းခါးစိုက်ပျိုးသူ ဦးဇော်လင်းထံမှသိရသည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျိုက္ခမီအသင်း(ရန်ကုန်)နှင့် ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းစီစဥ်ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားက်ို ယမန်နေ့က ကျိုက္ခမီမြို့ အခြေခံပညာအထက်ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြင့်မြတ်စိတ်ထား ဇီဝိတဒါန အခမဲ့ဆေးခန်း တိုးချဲ့သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်း အဆောက်အအုံအုတ်မြစ်ချ မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကြခတ်ငူကျေးရွာအုပ်စု၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်းတွင် အများပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို လူမျိုးဘာသာမရွေး၊ အခမဲ့ဆေးဝါးကုသပေးလျက်ရှိရာ ထပ်မံလိုအပ်နေသော သံဃာတော်များ သီးသန့်ဆောင်နှင့် ခွဲစိတ်ခန်း၊ ဓါတ်မှန်ခန်းအဆောက်အအုံအတွက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်၊ ကြခတ်ငူကျောင်းကြီးအတွင်း မြင့်မြတ်စိတ်ထား ဇီဝိတဒါနအခမဲ့ဆေးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်းကြားထားသူများ၊ တက်ရောက်ခဲ့သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က နယ်စပ်ဒသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (သထုံ) ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်မြို့မ အမှတ်(၂)ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၁၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ (၂) ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့ အ.ထ.က(ခွဲ)နိုင်လှုံ စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကား ဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ)နိုင်လှုံ စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်