မော်လမြိုင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာထက်တန်းကျောင်းခွဲ အ.လ.က (၄) ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့အခြေခံပညာအထက်တန်းကျောင်းခွဲ (..က() ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အခြေခံပညာအထက်တန်း ကျောင်းခွဲ (အ.လ.က(၄) ကျောင်းမှ  အလယ်တန်းပြ ဆရာမကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများ မြှင့်မားတိုးတက်လာစေရန် ကျောင်းစာအပြင် ဗဟုသုတဖြစ်ဖွယ်စာအုပ်စာစောင်များကို အားလပ်ချိန်များတွင် လေ့လာဖတ်ရှုကြရန်၊ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော အသိပညာဗဟုသုတများနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က(၄) ကျောင်း စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်များပေးအပ်ရာ ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ  လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)