ချောင်းဆုံ နိုဝင်ဘာ ၁၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာ ၁၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မ (၂) ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးတင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့် မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)