မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ဖြစ်စေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့၊ ပြည်သူ့ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကံ့ကော်ရပ်ကွက်ရှိ စည်ပင်သာယာ (ပြည်သူ့) ဈေး၌ မီးဘေးလုံခြုံရေး လိုက်လံ စစ်ဆေးခဲ့ကြသည်။

မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၆)၊ အခြေခံပညာအလယ်တန်းကျောင်း (တောင်ဝိုင်း)နှင့် အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်းများ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရော၌ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာပညာပေးအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးပညာပေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.ကကျိုက်မရော(ပညာအားမာန်)ခန်းမ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ အသင်းပိုင်ငွေဖြင့် စိုက်ပျိုးသည့်မိုးစပါးများ စတင်ရိတ်သိမ်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ၌ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အသင်းပိုင်ငွေဖြင့် ပံ့ပိုးစိုက်ပျိုးသည့် မိုးစပါးများအား ယနေ့နံနက်ပိုင်းက စတင်ရိတ်သိမ်းခဲ့သည်။

မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရန် ဆိုလာရေတင်စနစ်နှင့် ရွှေနတ်တောင်ရေလှောင်တမံမှ ရေပေးရေးဆောင်ရွက်

မွန်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှုအပါအဝင် ဆီနှင့် အခြားဆီထွက်သီးနှံများအတွက် လိုအပ်သည့် စိုက်ပျိုးရေရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာအတွင်း လက်ရှိအကျိုးပြု လယ်ဧက ၂၀ အတွက် ၁ နာရီ ဂါလန် ၃၀၀ ရေပေးဝေနိုင်မည့် (၅၅၀- W) ဆိုလာပြားများ၊ အင်ဗာတာ၊ မော်တာနှင့် ရေစုပ်ပိုက်၊ ရေထုတ်ပိုက်များအသုံးပြုကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် စိန်ပါတီဘုန်းတော်ကြီးကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲတွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် စိန်ပါတီဘုန်းတော်ကြီးကျောင်းတိုက်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းမိသားစုများ၏ (စတုတ္ထ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။   

သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော "နှစ်လေးဆယ်ဘဝမှတ်တိုင်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

မော်လမြိုင်မြို့ အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲငန်းတေးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ ကျွဲခြံကုန်းကျောင်းများ၌ ကျင်းပသည်။

ကျိုက်ထိုမြို့ အ.မ.က(တောလေး)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ(၁၄)ရက် နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က(တောလေး)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
Subscribe to မွန်ပြည်နယ်