ကျိုက်မရော၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စားသုံးဆီများ စျေးနှူန်းသက်သာစွာ ဖြန့်ဖြူးပေး
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စားသုံးဆီတစ်ပိသာလျှင် ငါးထောင့်တစ်ရာကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်တစ်ပိသာနှုန်းဖြင့် အပတ်စဥ် သောကြာနေ့တိုင်းရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက အထရံရပ်ကွက် အခွန်လွတ်စျေး၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။