မော်လမြိုင် နိုဝင်ဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၅၄) စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စက်မှုလယ်ယာဦးစီးမှူး၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မြို့နယ်စက်မှုလယ်ယာဦးစီးမှူးနှင့် ရုံးဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး၊ စက်မှုလယ်ယာဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စက်မှုလယ်ယာဦးစီးမှူးမှ သင်တန်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့မှုအေပါ် သင်တန်းသားများက လက်ခံရယူ၍ အမှတ်တရဓာတ်ပုံရိုက်ကူးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)