မုဒုံမြို့ အ.ထ.က(ခွဲ)နိုင်လှုံ စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မုဒုံ      နိုဝင်ဘာ     ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကား ဝိုင်းကို ယမန်နေ့က အ.ထ.က(ခွဲ)နိုင်လှုံ စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် မုဒုံမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်ကေသီစံက အမှာစကားပြောကြားပြီးမုဒုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူ အချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့်ပူးပေါင်း ဆောင်ရွက် တတ်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက ဆောင်ရွက်ပေးခဲ့ပြီး မောင်ဖုန်းဇင်ခန့် (Grade- 11)က လူငယ်နှင့်အားကစား၊ မသော်တာလင်းလင်းထက် (Grade-10 ) က လူငယ်နှင့်ပညာ ရေး၊ မောင်ဖုန်းမာန်ဟိန်း (Grade-11)က လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး၊ မမိုးမိုးအောင် (Grade-12)က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဥ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြ ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာ စာအုပ်စာစောင်၊ နံရံကပ်ပိုစတာများ ပြသခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)