သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကျင်းပ

သံဖြူဇရပ် နိုဝင်ဘာ ၁၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကျိုက္ခမီအသင်း(ရန်ကုန်)နှင့် ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းစီစဥ်ကျင်းပသော စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားက်ို ယမန်နေ့က ကျိုက္ခမီမြို့ အခြေခံပညာအထက်ကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျိုက္ခမီအသင်း(ရန်ကုန်) နာယကဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆုရကျောင်းသားကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာအခမ်းအနားကို (ကျိုက္ခမီမြို့) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာဆရာမများက ကျိုက္ခမီကျောင်း သီချင်းဖြင့်ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်ဦးအောင်သန်း၊ ကျိုက္ခမီအသင်း(ရန်ကုန်) နာယက ဦးလွင်သိန်း၊ ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းနှင့် အတွင်းရေးမှူး ဦးဝင်းနိုင်(စာရေးဆရာမင်းဆက်ပိုင်)တို့က စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို​ ပြောကြားသည်။

ဆက်လက်၍ "ချစ်မြတ်နိုးရပါသောကျိုက္ခမီ" ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသော ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အ.ထ.က(ကျိုက္ခ)ကျောင်း စာကြည်တိုက်အတွက် အလှူငွေများပေးအပ်ခဲ့ကြ​သည်။ ထို့နောက်အခမ်းအနားကို အကပဒေ သာများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)