မွန်ပြည်နယ်

သထုံမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ စတင်ကျင်းပသည်။

ကျိုက်ထိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ‌ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

မုဒုံမြို့အ.ထ.က (၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရှင်အရဟံခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တတ်ရောက်ခဲ့ကြသည်။

မုဒုံမြို့နယ်တွင် ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ​ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝဓာတ်မြေသြဇာများကို ယမန်နေ့က စျေးနှုန်းသက်သာစွာဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

သထုံမြို့နယ်တွင် သိမ်းဆည်းရမိထားသည့် သက်သေခံ ထိန်းချုပ်ဓာတုပစ္စည်းများအား မြေမြုပ်ဖျက်ဆီး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိထား သည့် သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများကို ယနေ့ နံနက်က တာဝန်ရှိသူတို့က လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ မြေမြုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် ကျိုက်မရောမြို့နယ်မှ ဝင်းဝင်းထွေးယိုမျိုးစုံ လုပ်ငန်းအောင်မြင်လျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှင်စောပုရပ်ကွက်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (၁၀) ခုကို လုပ်ကိုင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများထဲမှ ဒေသထွက်ကုန်များဖြစ်သည့် ကျွဲကောသီး၊ ရှောက်သီး၊ သံပရာသီး၊ သရက်သီး၊ ဇီးသီး၊ ကျောက်ဖရုသီးစသည့် ဒေသထွက် သီးနှံများဖြင့် ၂၀၂၃ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့သည့် ဝင်းဝင်းထွေးယိုမျိုးစုံလုပ်ငန်းမှာ အောင်မြင်လျက်ရှိပြီး ဒေသအတွင်း စျေးကွက်ဝင် စီးပွား ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်အောင်းမြင်ပြီး အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလများ ရရှိစေကာ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးမိုးစံ၏ ပြောပြချက်အရ သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း - ဆင်ဖြူစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ခေမာစာရမဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာနှင့် မြောက်ဦးဆရာတော်ဘုရားကြီးဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္ မဋ္ဌာနာစရိယ)တို့အား သွားရောက်ဖူးမြော်

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မုဒုံမြို့နယ်တွင် ငရုတ်ကောင်းနှင့် ငရုတ်ပင်များကို ယခုနှစ်ဆောင်းရာသီတွင် အားထားစိုက်ပျိုးလာ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာသီတွင် ငရုတ်ကောင်းနှင့် ငရုတ်ပင်များကို ဖဲဒို၊ ကွမ်တာ၊ သာယာကုန်း၊ ကလော့သော့ကျေးရွာ များတွင် ပိုမိုစိုက်ပျိုးလာကြသည်။

မုဒုံမြို့နယ် အ.မ.က (ညောင်ကုန်း) ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (ညောင်ကုန်း) စာသင်ကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်