မုဒုံ ဇန်နဝါရီ ၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်ဆောင်းရာသီ သီးနှံစိုက်ပျိုးရာသီတွင် ငရုတ်ကောင်းနှင့် ငရုတ်ပင်များကို ဖဲဒို၊ ကွမ်တာ၊ သာယာကုန်း၊ ကလော့သော့ကျေးရွာ များတွင် ပိုမိုစိုက်ပျိုးလာကြသည်။
ယခုနှစ် ဆောင်းရာသီတွင် စားဖိုဆောင်သီးနှံအမျိုးမျိုးကို စိုက်ပျိုးကြရာ သီးနှံပေါ်ချိန် စျေးကောင်းရရှိနိုင်သည့် ငရုတ်ကောင်းနှင့် ငရုတ်ပင်များ ကို အောက်တိုဘာလမှ စတင်ပြီး ချောင်းပိတ်၊ မြောင်းပိတ်နှင့် မြေအောက်ရေတူးဖော်၍ စိုက်ပျိုးကြသည်။ မုဒုံမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန အနေဖြင့်လည်း တောင်းသူများ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် စိုက်ပျိုးရေးနည်းပညာများပေးခြင်း၊ စျေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပေးခြင်းများနှင့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်း ပညာများကို စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မုဒုံမြို့နယ်တွင် ယခုနှစ်ဆောင်ရာသီ သီးနှံစိုက်ပျိုးရာသီတွင် ငရုတ်ကောင်း (၃၀၉၀) ဧက၊ ငရုတ် (၉၅) ဧက စိုက်ပျိုးရန်လျာထားပြီး ယခုအခါ စိုက်ပျိုးပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)