မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း - ဆင်ဖြူစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ခေမာစာရမဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော် မင်္ဂလာနှင့် မြောက်ဦးဆရာတော်ဘုရားကြီးဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္ မဋ္ဌာနာစရိယ)တို့အား သွားရောက်ဖူးမြော်

မော်လမြိုင် ဇန်နဝါရီ ၇

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်၏ သက်တော်(၇၂)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူစောင့်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှိုင်ရပ်ကွက်ရှိ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးသို့ ရောက်ရှိပြီး ကျေးဇူးတော်ရှင် မြောက်ဦး ဆရာတော်ဘုရားကြီး ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဆရာတော်အားဖူးမြော်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျေးဇူးတော်ရှင် မြောက်ဦးဆရာတော်ဘုရားကြီး ဝနဝါသီ အရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်၍ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြ သည်။

ကျေးဇူးတော်ရှင် မြောက်ဦးဆရာတော်ဘုရားကြီး ဝနဝါသီအရှင်ဝါယာမိန္ဒ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)၏ အထူးအလုပ်ပေး တရားစခန်းကို ဇန်နဝါရီ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး Zoom Online မှ တစ်ဆင့်လည်း အထူးအလုပ်ပေး တရားဟောကြားသွားမည်ဖြစ် ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)