မွန်ပြည်နယ်

ပေါင်မြို့နယ် (အ.မ.က) ကဒါမင်းတန်း‌ကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.မ.က) မင်းတန်းကျောင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော် ပြုလုပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်း) သဘာဝမြေဩဇာ မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးထား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် (သစ်စိမ်း) သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် ပိုက်ဆံလျှော်ပင်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ နတ်မှော်ကွင်းတွင် ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း (၁၅) ဧကကို လျာထားချက်ကျော်လွန်အောင် တိုးချဲ့စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က (မူလွန်) ဖေါင်စိန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ အ.ထ.က(၂)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပညာရတနာခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ် (၆) ထပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုဒုံမြို့နယ်တွင် နွေစပါးစိုက်ဧက ၆၃၈ ဧကစိုက်ပျိုးရန်လျာထား

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ဧက ၆၃၈ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပေါင်မြို့နယ် မုတ္တမကျေးရွာ မဂဒူးခန်းမ၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အကြိုအားကစားပြိုင်ပွဲများကျင်းပ

ကျိုက်မရော၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးစုံညီပွဲတော်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက.အ.ထ.က ကျိုက်မရောကျောင်းဝင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်