ကျိုက်မရော ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရှင်စောပုရပ်ကွက်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (၁၀) ခုကို လုပ်ကိုင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများထဲမှ ဒေသထွက်ကုန်များဖြစ်သည့် ကျွဲကောသီး၊ ရှောက်သီး၊ သံပရာသီး၊ သရက်သီး၊ ဇီးသီး၊ ကျောက်ဖရုသီးစသည့် ဒေသထွက် သီးနှံများဖြင့် ၂၀၂၃ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့သည့် ဝင်းဝင်းထွေးယိုမျိုးစုံလုပ်ငန်းမှာ အောင်မြင်လျက်ရှိပြီး ဒေသအတွင်း စျေးကွက်ဝင် စီးပွား ရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်အောင်းမြင်ပြီး အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလများ ရရှိစေကာ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိုးမိုးစံ၏ ပြောပြချက်အရ သိရသည်။
ကျွန်မတို့က နိုင်ငံတော်က ဆောင်ရွက်ပေးနေတဲ့ MSME ချေးငွေနဲ့ လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်နေပါတယ်၊ အခုအခါ မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ လိုအပ်တဲ့နည်းပညာ၊ ငွေကြေးကူညီထောက်ပံမှူများ ဆောင်ရွက်ပေးသောကြောင့် လုပ်ငန်းများ ဖွံဖြိုးတိုတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ယခုဆိုလျှင် ဒေသထွက်သီး နှံကုန်ကြမ်းများဖြင့် တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စျေးကွက်ဝင်လုပ်ငန်းဖြစ်အောင် တိုးတက်နေပြီးဖြစ်၍ MSMEလုပ်ငန်းအနေနဲ့ လုပ်ကိုင်နိုင်ပြီး မိသားစုစားဝတ်နေရေးအပြင် အမျိုးသမီးများ ဘဝတက်လမ်းကိုလည်း များစွာ အထောက်အကူဖြစ်ကြောင်း၊ ဒေသထွက် သီးနှံတွေကို ကုန်ကြမ်းမှ ကုန်ချောအဖြစ် နည်းပညာကို အသုံးပြုကာ လုပ်ကိုင်၍ တစ်နေ့လျှင် ငွေကျပ် တစ်သောင်းမှသုံးသောင်းကျပ်အထိ ရရှိနေပြီး ဒေသခံ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေပြီးဖြစ်ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)