သထုံ ဇန်နဝါရီ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရ ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိထား သည့် သက်သေခံထိန်းချုပ်ဓာတုပစ္စည်းများကို ယနေ့ နံနက်က တာဝန်ရှိသူတို့က လိပ်အင်းရပ်ကွက်ရှိ လေယာဉ်ကွင်းဟောင်း၌ မြေမြုပ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မြေမြုပ်ဖျက်ဆီးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းယုနိုင်၊ အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူး တင်ကိုကိုတို့ ဦးဆောင်သည့် တာဝန်ရှိသူ တို့က သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများဖြစ်သည့် DAGUANYIN စာတမ်းပါ အစိမ်းရောင်အထုပ်အတွင်း အိုက်စ် (Mathaphetamine)နှင့် ပုံစံတူပြုလုပ်ထားသည့် အဖြူရောင်ပုံဆောင်ခဲ(၁)ကီလိုဂရမ်ခန့်စီပါ အထုပ်ပေါင်း (၂၀)ထုပ်ပါရှိသည့် ဆာလာအိတ် (၈၃)အိတ်၊ အထုပ်(၂၆)ထုပ်ပါ ဆာလာအိတ် (၁)အိတ်နှင့် (၁၄)ကီလိုဂရမ် ခန့်ပါရှိသည့် ဆာလာအိတ်(၁)အိတ်၊ TIEGUAN YIN စာတမ်းပါ ကတ်တမင်း (Ketamine)နှင့် ပုံစံတူ ပြုလုပ်ထားသည့် ပုံဆောင်ခဲ (၁)ကီလိုဂရမ်ခန့်စီပါ အထုပ်(၂၅)ထုပ်ပါရှိသည့် ဆာလာအိတ် (၁၀)အိတ်တို့အား လိပ်အင်းရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းအတွင်းရှိ မြုပ်နှံရန်တူးဖော်ထား သော အကျယ် ၁၅ ပေ၊ အနက် ၁၀ ပေခန့်ရှိ မြေကျင်း အတွင်းသို့ ဖျက်ဆီးမြှုပ်နှံခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်