မွန်ပြည်နယ်

မုဒုံမြို့နယ် အ.မ.က (ညောင်ကုန်း) ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်း (ညောင်ကုန်း) စာသင်ကျောင်း ပညာရေးစုံညီပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်း ပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ်အတွင်း လေဆိပ်ပြေးလမ်းပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ နိုင်ငံတော်ဩဝါဒါစရိယ ဓမ္မမေဒနီကျောင်းတိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်း

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ တာဝန်ရှိသူများလိုက်ပါလျက် ဘဝနတ်နန်း‌ပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် သထုံမြို့ဓမ္မမေဒနီကျောင်းတိုက်၏ စတုတ္ထမြောက်ဦးစီးပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တဉာဏောသူရိယာဘိဝံသ မဟာထေရ်မြတ်၏ ရုပ်ကလာပ်တော်အား ယနေ့နံနက်က ဖူးမြှော်ကြည်ညိုကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

မုဒုံမြို့၌ အခြေခံပညာ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဖွင့်လှစ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမများအား အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၂) ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မော်လမြိုင်ဇုန် ဘောလုံး၊ ဘော်လီဘောအသင်းနှင့် မော်လမြိုင်တက္ကသိုလ် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်အသင်းများ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ အားကစားသမားများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောက်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြသည်။

ကျိုက်မရောမြို့တွင် ဘူးသီးစီးပွားဖြစ်စိုက်ပျိုးသူများ စျေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြကုန်းကျေးရွာအတွင်းရှိ ဆောင်းရာသီ သီးနှံဖြစ်သည့် ဘူးသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြရာ ယခုနှစ် ဆောင်းရာသီ၌ ဘူးသီးစျေးကောင်းပြီး အထွက်နှုန်း လည်းကောင်းသဖြင့် မိသားစု အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား/ သူ (၇၉၃)ဦး လွတ်မြောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူစားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား (၅၇၁)ဦး၊ အကျဉ်းသူ (၂၂၂)ဦး စုစုပေါင်း (၇၉၃)ဦး လွတ်မြောက်ခဲ့ပါသည်။
Subscribe to မွန်ပြည်နယ်