ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်

ပေါင် ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က)ပေါင်ရွှေရတုခန်းမ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ပညာပန်းခင်းသီးချင်းဖြင့် အဖွင့်သီးချင်းသီဆိုခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် (အ.ထ.က) ပေါင်ကျောင်းအုပ်ကြီး ဒေါ်ချိုလွင်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်အဆင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဒုတိယပိုင်းအနေဖြင့် ကြိုဆိုပါ၏စုံညီပွဲတော်သီးချင်းဖြင့် ကျောင်းသား၊ ကျောင်းသူများက ဆက်လက်သီဆိုပြီး မွန်ရိုးရာအကအပြင် အခြားအကမျိုးစုံတို့ဖြင့်လည်း သီဆိုဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)