ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

ဘီးလင်း ဇန်နဝါရီ ၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘီးလင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်အောင်ထွန်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ကိုယ်ပိုင်အချိန်များကို ပြည်သူလူထုအကျိုးစီးပွားအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဂရုဏာ၊ အကြင်နာ စသည့် နာ(၅)  နာနှင့် လုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ကြပြီး သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို ကျရာအခန်းကဏ္ဍမှနေ၍ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပွားစေရေး အားလုံးကြိုးပမ်းသွားကြရန် သင်တန်းဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းက လေ့ကျင့်ရေးစွမ်းရည်၊ မီးငြိမ်းသတ်ရေးစွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းက တူညီဝတ်စုံများကို သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ လေးပတ်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)