မုဒုံ ဖေဖော်ဝါရီ ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၇)ဝါ၏ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံ ဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းနှင့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ “နမောဿတ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်တရား သူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ မာရဝိဇယ ရုပ်ပွားတော်တစ်ဆူနှင့် ငွေကျပ် (၇)သိန်းအား ဆက်ကပ်လှူဒါန်းသည်။ ထို့နောက်ပြည်နယ် ဝန်ကြီးချုပ်မှ ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရထံ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် ဗုဒ္ဓကလျာဏယုဝအသင်း ဝိုင်အမ်ဘီအေမှ ချီးမြှင့်သော မင်္ဂလဓမ္မဇော တိကဓဇ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိ သူများက ပင့်သံဃာတော် ဆရာတော်ကြီးများအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)