သထုံ ဖေဖော်ဝါရီ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (သထုံ) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းတွင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်မှစတင်ကာ အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကျင်းပရာတွင် ကွန်ပျူတာတက္ကသိုလ် (သထုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင့်သီတာဇော်နှင့် ပါမောက္ခ/ဌာနမှူးများပါဝင်သော အကဲဖြတ်အဖွဲ့က ပြိုင်ပွဲကျင်းပပေးရသည့်ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းပြီး ပြိုင်ပွဲကိုစတင်ပေးရာ ကွန်ပျူတာတက္ကသိုလ် (သထုံ) မှ ကျောင်းသား/ကျောင်းသူများက သင်တန်းနှစ်အလိုက် တပျော်တပါး ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် အကဲဖြတ်အဖွဲ့ဝင်များက အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ကြသသည့် အသင်းတို့အား စိစစ်ရွေးချယ်ကာ ဆုများချီးမြှင့်ပေးခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ပထမနှစ်(၂)သင်း၊ ဒုတိယနှစ် (၂)သင်း၊ တတိယနှစ်(၁)သင်း၊ စတုတ္ထနှစ်(၁)သင်းနှင့် ပဉ္စမနှစ်(၁)သင်း စုစုပေါင်း အသင်း(၇)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)