ပေါင် ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲနိုင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို လိုက်နာဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကိုထပ်မံ ရှင်းလင်းမှာကြားခြင်း၊ မြေယာကိစ္စရပ်များကို ကြပ်မတ်စွာကိုင်တွယ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတင်ပြသည့် ကိစ္စရပ်များအပေါ် မြို့နယ်မှ လိုအပ်သလိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် သဲဖြူကုန်းကျေးရွာအုပ်စု၊ ကံဖြူကျေးရွာရှိ ဆောင်းသီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုကိုလည်းကောင်း နန်းတော်နွားမွေးမြူရေးခြံတွင် မွေးမြူထားသော နို့စားနွားနှင့် အလှမွေးနွားများ မွေးမြူထားရှိမှုကိုကြည့်ရှုခဲ့ပြီး မွေးမြူရေးဇုံအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက်ကိုလည်းကောင်း၊ ရွာတန်းရှည်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် ဖြစ်ထွန်းအောင်မြင်နေသော နွေစပါးစံပြစိုက်ကွက်များကိုလည်းကောင်း ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
မွန်မလေး (ပြန်/ဆက်)