မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို မြန်မာတို့၏ ထုံးတမ်းစဉ်လာအရ တပို့တွဲလတွင် ပြုလုပ်ကျင်းပကြမြဲဖြစ်ပြီး နိုင်ငံအနှံ့အပြားမှာ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိပါကြောင်း၊ ထမနဲထိုးပွဲတော်သည် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသယ်ယူသွားရမဲ့ အဓိပ္ပာယ်နှင့် အနှစ်သာရပြည့်ဝတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည့်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့သည့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ထမနဲထိုးအသင်းများ ပျော်ရွှင်စွာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ယှဉ်ပြိုင်ကြစေရေးအတွက် ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြရန်လိုကြောင်း၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီများမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍအဆင်ပြေပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် နွေစပါးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါးစိုက်ဧက(၆၃၈)ဧက စိုက်ပျိုးရန်လျာထားပြီး ယခုအခါ(၁၃၇၆)ဧက စိုက်ပျိုးပြီစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈)ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။

မုဒုံမြို့နယ်တွင် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသောပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။

ရိုးဂိုးကျေးရွာတွင် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း (၂၀၀) ဧက ဖော်ထုတ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့် အဖွဲ့၀င်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့်(၁)နှင့် အမှတ်စဥ်(၁၂) စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယ​မန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “ဘဝပန်းတိုင် စိုက်သူများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့် (၁) နှင့် အမှတ်စဥ် (၁၂) စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရောမြို့နယ်၌ ၂၀၂၄ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားကွင်း၌  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီ ပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြစေတီပရိယတ္တိစာသင်တိုက် "ဘောဇနသာလာကျောင်းဆောင်" ပန္နက်တော်တင်မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြစေတီပရိယတ္တိစာသင်တိုက် "ဘောဇနသာလာကျောင်းဆောင်" ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစေတီပရိယတ္တိစာသင်တိုက် ကျောင်းဆောင်သစ်မြေနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်