မွန်ပြည်နယ်

ပေါင်မြို့နယ်၌ သထုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်းကုသမှု ပြုလုပ်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်းဆေး ကုသမှုကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းတိုက်နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။

ကျိုက်မရော လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်သင်တန်းဖွင့်ပွဲကျင်းပ

ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ဧပြီလ ၁ ရက်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။

သထုံခရိုင် လူထူအ‌ခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စောင်ပြသခြင်များ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။

သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေ အခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ရေလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဧပြီလ (၁)ရက်နေ့နံနက်က စတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိခြံရှင်များ စျေးကောင်းရရန်မျှော်လင့်

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင်ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦးပေါ်ဖျားစျေးကောင်းရရန် မျှော်လင့်နေ​ကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များပါဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မုဒုံမြို့၌ လူငယ်များစဥ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီးဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော၊ ရပ်ကွက်များဖြစ်သည့် အလှပ်ကျေးရွာနှင့်‌‌ ညောင်ကုန်း‌လေးကျေးရွာများသို့သွားရောက်၍ ရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယမန်နေ့မွန်းလွဲပိုင်းကအခမဲ့ သွားရောက်လှူဒါန်းပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ   IS-8130 မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော ရပ်ကွက်များဖြစ်သည့် အထရံရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယနေ့နံနက်ပိုင်းက အခမဲ့သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့ ဝင်းစိန်တောရကျောင်းရှိ “စက္ကရတန” နဂါးရုံဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြိုင်ကုန်းကျေးရွာရှိ ကျေးဇူးတော်ရှင် ဝင်းစိန်တောရကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကေသရအားဦးထိပ်ပန်ဆင်၍ “စက္ကရတန ” နဂါးရုံဘုရားကြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ပူဇော်ခြင်းနှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်းရှိပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင်ရေရှားပါးသည့်ကွင်းရွာများရှိ  ရေလှောင်ကန်နှင့်နေအိမ်များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို  မတ် ၃၁ ရက်က ချောင်းဆုံမြို့နယ်  ဒေါင်းရပ်အနောက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်