ချောင်းဆုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

ချောင်းဆုံ ဧပြီ ၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရည်ရွယ်ပြီး ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်းရှိပင်လယ်ကမ်းစပ်နှင့်နီးသည့် ကျေးရွာများနှင့် နွေရာသီတွင်ရေရှားပါးသည့်ကွင်းရွာများရှိ  ရေလှောင်ကန်နှင့်နေအိမ်များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို  မတ် ၃၁ ရက်က ချောင်းဆုံမြို့နယ်  ဒေါင်းရပ်အနောက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦး ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀၀ ဂါလန်ကိုဒေါင်းရပ်အနောက်ကျေးရွာရှိ ရေလှောင်ကန်နှင့်နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသည့် အခြားကျေးရွာ/ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)